ခေတ်သစ်လူသားတွေစတင်ခဲ့တာမဟုတ်တဲ့ ဥရောပကျောက်ခေတ် အစောဆုံးနံရံဆေးရေးပန်းချီလက်ရာတွေ လေ့လာတွေ့ရှိ

၂၃ ဖေဖော်ဝါရီ

 

ကမ္ဘာ့ရှေးအကျဆုံးလို့ ယူဆရတဲ့ နှစ်ပေါင်းနှစ်သောင်းကျော်က ဥရောပကျောက်ခေတ်နံရံဆေးရေးပန်းချီ လက်ရာတွေဟာ ခေတ်သစ်လူသားတွေထက်စောပြီး ဥရောပကိုရောက်ရှိနှင့်ခဲ့ကာ လူသားတွေတွေးခေါ်ပုံနဲ့ အတော်ဆင်တူမှုရှိတယ်လို့ နိုင်ငံတကာ သုတေသီတွေက ဖေဖော်ဝါရီ ၂၂ ရက် ကြာသပတေးနေ့က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

ခေတ်သစ်နည်းပညာကို အခြေခံထားတဲ့ သိပ္ပံဂျာနယ်မှာဖော်ပြထားချက်အရ စပိန်ရှေးဟောင်းသုတေသနနယ် မြေသုံးခုမှာရှိတဲ့  ရှေးခေတ်နံရံဆေးရေးပန်းချီလက်ရာတွေဟာ အစောဆုံးလက်ရာတွေပဲဖြစ်တယ်လို့ သိရပါ တယ်။ ဥရောပကျောက်ခေတ်လူသားတွေဟာ ထင်ထားတာထက်ပိုပြီး ခေတ်မီခဲ့ကြတယ်ဆိုတာ အံ့သြဖွယ်ရှာဖွေ တွေ့ရှိမှုပဲလို့ ဆောက်သမ်တမ် တက္ကသိုလ်မှ ရှေးဟောင်းသုတေသီတစ်ဦးဖြစ်သူ ခရစ် စတန်းဒစ်ရှ် ကဆိုပါ တယ်။ပန်းချီလက်ရာတွေဟာ ကမ္ဘာပေါ်မှာရှေးအကျဆုံး နံရံဆေးရေးလက်ရာတွေပဲဆိုတာ ရှာဖွေတွေ့ရှိမှု တွေက ဖော်ပြနေပါတယ်လို့ ဆိုထားပါတယ်။

 

သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်သောင်းလေးထောင် ခန့်ကတည်းက လက်ရာတွေကို ဖန်တီးခဲ့ကြတာဖြစ်ပြီး ခေတ်သစ်လူသားတွေထက် နှစ်ပေါင်း နှစ်သောင်း ထက်မနည်းစောကာ အာဖရိကကနေ ဥရောပကို ရောက်ရှိခဲ့ကြတာပဲဖြစ်ပြီး အခုတွေ့ရှိတဲ့ လက်ရာတွေကိုလည်း သူတို့ဘဲ  ရေးဆွဲခဲ့ကြတာ ဖြစ်တယ်လို့ ထပ်လောင်းပြောကြားပါတယ်။

 

အနီရောင်ဆေးရောင်များများ အနက်ရောင်နည်းနည်း သုံးထားတဲ့ပန်းချီလက်ရာတွေ၊တိရစ္ဆာန်အုပ်စုတွေ၊ ဖယောင်းလက်ရာတွေ၊ ကျောက်ထွင်းအက္ခရာတွေ၊အမှတ်အသားတွေ၊ ဓာတ်ပြားတွေနဲ့ ဂျီသြမေတြီဆိုင်ရာ ဒီဇိုင်းလက်ရာတွေကို စပိန်တောင်ပိုင်းရှိ အာဒါလိစ်နဲ့ အနောက်ပိုင်းရှိ မော်လ်ထရာဗိုင်ဆို၊ အရှေ့မြောက်ပိုင်းရှိ လာပါစီဂါ မှာရှိတဲ့ နံရံဆေးရေးပန်းချီလက်ရာတွေမှာ ခြယ်မှုန်းထားတာကို တွေ့ရပါတယ်။

 

ဒီသင်္ကတေ အသုံးပြုယဉ်ကျေးမှုပေါ်ထွက်လာတာဟာ လူသားတွေဆင့်ကဲဖြစ်စဉ်မှာ အခြေခံကျတဲ့ အစအဦး ပဲဖြစ်တယ်လို့ ဆင့်ကဲမနုဿဗေဒ မက်စ်ပလန့်က် တက္ကသိုလ်တွဲဖက်အကြီးအကဲ ဒါ့ခ်ဟော့ဖ်မန်းက ပြောကြား ချက်အရ သိရပါတယ်။

 

(MDN)
ကိုးကား-AFP