ချောင်းဆုံမြို့နယ်တွင် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

ချောင်းဆုံ  မေ  ၂၄

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မေ ၂၀ ရက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ(၁၅)ရွာမှ နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းနှင့် တာဝန်ရှိသူများက ကျေးရွာ (၁၅)ရွာအတွင်းရှိ လူဦးရေ (၃၄၈)ဦးအတွက် တန်ဖိုးရိက္ခာငွေ (၇၃၀၈၀၀)ကျပ်၊ ပြိုကျပျက်စီးသည့် အိမ်ခြေ(၁၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ(၂၂၀၀၀၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁၁)ပုံး၏ တန်ဖိုးငွေ (၅၀၆၃၉၆) ကျပ် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ(၆၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃၀၀၀၀ဝ) ကျပ်၊ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် ထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ် စုစုပေါင်း (၆၉၃၇၁၉၆) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)