ချောက် မတ် ၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်ကာ မတ် ၄ ရက် နံနက်ပိုင်းက အမှတ်(၁၁)ရပ်ကွက်၊ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးတင်ထွန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးသန့်ဇင်ထူး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှန်းလဲ့လွင်၊ ဒုတိယလဝကမှူး ဦးသန်းစိုးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် သက်ဆိုင်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်း စာစောင်များကို တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်နေ ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ကျော်မိုး(ပြန်/ဆက်)