ချောက်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ချောက် မေ  ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ရေတွင်းကျေးရွာ၊ ကြွေသီးစက်ရုံဝင်း၌ သစ်တောဦးစီးဌာနက ဦးဆောင်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို  မေ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့် ယူကလစ်ပင် ၅၀၊ ကုက္ကို ၃၅ ပင်၊ တမာ ၃၅ ပင်၊ လျှော်ဖြူပင် ၄၀၊ ယင်းမာ ၃၅ ပင်၊ မယ်ဇလီ ၃၅ ပင်၊ စိန်ပန်းကြီး ၃၅ ပင်၊ သစ်ဆိမ့် ၃၅ ပင် စုစုပေါင်း အရိပ်ရသစ်ပင် ၃၀၀ တို့အား  စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)