ချောက် - စဉ့်ကူ - ပုဂံလမ်းတွင် ရာသီမရွေး သွားလာနိုင်ရေး အဆင်ပြေစေရန် ရေကျော်တံတားနှစ်ခု တည်ဆောက်ပေးလျက်ရှိ

ညောင်ဦး  ၂၈ ဇန်နဝါရီ  

 

 

ခရီးသွား မော်တော်ယာဉ်များနှင့် ဒေသခံပြည်သူများ နေ့စဉ်သွားလာအသုံးပြုလျက်ရှိသည့် ချောက် - စဉ့်ကူ - ပုဂံသွားလမ်း ညောင်ဦးမြို့နယ် ဂန့်ဂါကျေးရွာအနီး ရေကျော်ချောင်းများကို အခက်အခဲမရှိ ရာသီမရွေး သွားလာနိုင်ရေးအတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် R.C Box Culvert တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနရုံးမှ သိရသည်။ 

 

 

ဧရာဝတီမြစ်ရေတက်ချိန်တွင် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရသည့် ရေကျော်နှစ်ခုကို ခွင့်ပြုရန်ပုံငွေ ကျပ် (၂၈၅ ဒသမ ၅၉) သန်းဖြင့် ဂန့်ဂါကျေးရွာအနီး ချောက် - စဉ့်ကူ - ပုဂံလမ်းကြား ရေကျော်အမှတ်(၁/၇)နှင့် (၂/၇)နေရာအား တံတား(၃)ခုနှင့် လမ်းဘေး(ဝဲ၊ ယာ) နှစ်ဖက်တွင် သံကူကွန်ကရစ် ကျောက်ရိုးစီမြေကာနံရံနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းတိုိ့ကို မြို့နယ် လမ်းဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၃၀၆၆၈၅၁၀ဝ)ဖြင့် တာဝန်ယူဆောင်ရွက် နေခြင်းဖြစ်သည်။ 

 

 

အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ၊ ထို့အပြင် လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရန်နှင့်  ဆောင်ရွက်ပြီးစီးရန် သတ်မှတ်ကာလဖြစ်သည့် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်  ဆောင်ရွက်ပြီးစီးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

 

 

 ရဲဝင်းနိုင် (ညောင်ဦး)