ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ

နေပြည်တော်၊ မတ် ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS   Prachuap   Khiri  Khan (OPV-552) သည် ယမန်နေ့ညနေပိုင်းတွင်  ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ  ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ် စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးစီး၍ ချစ်ကြည်ရေးခရီး ရောက်ရှိလာခြင်းဖြစ်ပြီး မတ် ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး သွားရောက်ခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်