ကျေးလက်ပြည်သူများ အလုပ်အကိုင်ရရှိစေရေး လက်သမား၊ ပန်းရံသင်တန်း သံတွဲတွင်ဖွင့်

သံတွဲ ၁၅  မေ

သံတွဲမြို့နယ် ကျေးလက်ပြည်သူများ အလုပ်အကိုင်များရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (လက်သမား/ပန်းရံ)သင်တန်းဖွင့်ပွဲကို မေ ၉ ရက် နံနက်က သံတွဲခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၁၄ ရွာမှ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၉ ရက်မှ ၂၈ ရက်အထိဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)