ကော့သောင်း၊ မတ် ၁၄
ကော့သောင်းမြို့တွင် တင်ဖက်နိုင်ငံမှ တင်သွင်းလာသည့် အများပြည်သူစားသုံးရန် မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများအား ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အကောက်အခွန်ဦးစီးဌာနမှူးရုံး၊ ကွင်းပြင်အတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖျက်ဆီးသည့် နိုင်ငံခြားဖြစ် ကုန်ပစ္စည်းများမှာ ကော့သောင်းမြို့နယ်၊ အကောက်အခွန်ဦးစီးဌာနမှူးရုံး၏ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၂(၀၀၁) ဖြင့် အမှုတွဲဖွင့်လှစ်၍ သိမ်းဆည်းထားသည့် Chan Beer 330ml (1ctn x 24Pcs) (1006Pkgs)၊ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၂(၀၀၂) ဖြင့် Capital CigaretteI (1Box50Ctns) (22Pkgs) ၊ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၂(၀၀၃)(က) ဖြင့် Big Colar အချိုရည် (1ctn x 12Pcs) (189Pkgs)၊ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၂(၀၀၅)(က) ဖြင့် Horn Boy အချိုရည် (1ctn x 12Pcs) (2Pkgs) နှင့် Yupi မုန့်မျိုးစုံ (1ctn x 12Pcs) (5Pkgs) တို့ဖြစ်ပြီး ဘီယာ၊ အချိုရည်နှင့် မုန့်မျိုးစုံစုစုပေါင်း (၁၂၂၄)ပါကင် စုစုပေါင်းတန်ဖိုး ကျပ် ၁၈၄၁၂၃၀၀ ဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများအား သတိပြုထိန်းချုပ်လျက်ရှိရာ တားမြစ်ကန့်သတ် ကုန်ပစ္စည်းများအား ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်သည့် ကော့သောင်းနယ်စပ်မှ တရားမဝင်တင်သွင်းလာမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


