ကန့်ဘလူ ဧပြီ ၂၅
နွေရာသီကျောင်းပိတ်ရက် ကာလများတွင် ကျောင်းသားကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများတွင် ရှေးဦးသူနာပြုစုခြင်းသင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ ပိုက်ကျော်ခြင်း သင်တန်းနှင့် ပန်းချီသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧပြီ ၂၇ ရက်တွင် ရှေးဦးသူနာပြုစုခြင်း သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ကျန်သင်သင်တန်းများအား မေလ၌ ဆက်လက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


