ကျောင်းကုန်း မတ် ၂၅
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မီးသွေးတိုက် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးခင်မောင်ထွေး၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ကျောင်းအကျိုးဆောင် ဦးကျော်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါ ကျောင်းဆောင်သစ်သည် အလျား ပေ ၁၁၀၊ အနံ ပေ ၃၀၊ RCC နှစ်ထပ်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၅၀၈ ဒသမ ၃၆၈ သန်းဖြင့် ထိပ်တန်းထွဋ်ခေါင်ကုမ္ပဏီက တာဝန်ယူ၍ တည်ဆောက်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


