ကောလင်းမြို့နယ်အတွင်းမှ ရွှေပါဝင်သည့် ဖြုန်းမြေစာအိတ်များ တရားမဝင် သယ်ဆောင်လာသူ ၁၀ ဦး ဖမ်းမိ

ကောလင်း  ၁၀  ဇွန်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရှမ်းကလုံးကျေးရွာအနီး၊သစ်စေးတောင်ပေါ်မှ တရားမဝင် ရွှေမြေစာအိတ်များ သယ်ဆောင်သူ ၁၀ ဦး ဖမ်းမိခဲ့ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်မှာ ဇွန် ၉ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် ကောလင်းမြို့၊ မြန်မာ့သတ္တုတွင်း လုပ်ငန်းမှ လက်ထောက် မန်နေဂျာ ဦးစောလွင် ဦးစီးသော အဖွဲ့သည် ချောင်းနားရဲကင်းစခန်းမှူး ဒုရဲအုပ်ခိုင်ဇော်ဝင်းအဖွဲ့နှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာအနီး သစ်စေးတောင်ပေါ်တွင် တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ဖြိုးဝေ၊ အောင်ပု၊ သန်းထိုက်၊ ကိုဇော်၊ မင်းကျော်၊ မောင်ချို၊ ဉာဏ်လင်း၊ ပန်းဦး၊ ဝင်ဖေနှင့် ဇော်မျိုးထွန်းတို့ ၁၀ ဦးသည် ဆိုင်ကယ် ၁၀ စီးဖြင့် တရားမဝင် ရွှေပါဝင်သည်ဟု ယူဆရသော ဖြုန်းမြေစာအိတ် အလုံး ၂၀ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကောလင်းမြို့မရဲစခန်းမှ ရွှေသတ္တုဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)