ကောလင်း-ပင်လည်ဘူးသွားကားလမ်းတွင် တရားမဝင် တမလန်းသစ်ဓားရွေတုံးများ သယ်ဆောင်လာသူများကို ဖမ်းမိ

ပင်လည်ဘူး ၆ ဇွန်


စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်နှင့် ဝန်းသိုမြို့နယ်အစပ် ဝဲလာဘိနယ် ကောလင်း-ပင်လည်ဘူးသွားကာလမ်းတွင် တရားမဝင် တမလန်းသစ်ဓားရွေတုံးများ သယ်ဆောင်လာသူများကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇွန် ၅ ရက် နံနက် ၂ နာရီက ပင်လည်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူတို့သည် သစ်ခိုးထုတ်သယ်ဆောင်လာမည့် သတင်းအရ ပင်လည်ဘူးမြို့နယ်နှင့် ဝန်းသိုမြို့နယ်အစပ် ဝဲလာဘိနယ် ကောလင်း-ပင်လည်ဘူးသွားကားလမ်း မိုင်တိုင်အမှတ် ၂၉/၅ နေရာတွင် စောင့်ဆိုင်းနေစဉ် ပင်လည်ဘူး မန်ကျည်းပင်အုပ်စု ဥသျှစ်ကုန်းရွာဘက်မှ မန်ကျည်းကုန်းကျေးရွာ  သပိတ်ကျင်းမြို့နယ်နေသူများဖြစ်ကြသော ယာဉ်မောင်း သိန်းသန်းနှင့် ယာဉ်နောက်လိုက် ဦးငွားလေး တို့မောင်းနှင်လိုက်ပါလာသော ရွှေရောင်ကြား ၄ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ၎င်း ယဉ်ပေါ်မှ တရားမဝင် တမလန်းသစ်ဓားရွေတုံး ၇ တုံးကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် တမလန်းသစ်ဓားရွေတုံးများသယ်ဆောင်လာသူ ယာဉ်မောင်း သိန်းသန်းနှင့်ယာဉ်နောက်လိုက် ဦးငွားလေးတို့နှစ်ဦးအား ပင်လည်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးနိုင်က တရားလိုပြုလုပ်ကာ ပင်လည်ဘူးမြို့ မြို့မရဲစခန်းတွင် ဥပဒေအရ အရေးယူပေးရန် တိုင်ကြားထားကြောင်း သိရသည်။  

 

ကိုမင်း(အင်းတော်)

 

1