ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း  မေ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ ၂၈ ရက် နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်တို့က အမှာစကားများ ပြောကြားကြသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းများဖွင့်လှစ်သွားမည့်အခြေအနေနှင့် ကျောင်းအပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများ၊ ထောက်ပံ့ပေးအပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက အခမဲ့ထောက်ပံ့မည့် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးစာအုပ် စာရေး ကိရိယာများကို ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက လက်ခံရယူကြသည်။  ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်း ၂၈၂ ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မေ ၂၇ ရက်အထိ ကျောင်းအပ်နှံပြီး ကျောင်းသားဦးရေ ၅၉၄၁ ဦး ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)