ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက် နေအိမ်တစ်လုံးတွင် ပစ္စည်းဂိုဒေါင်အတွင်းရှိ  ပလပ်ခုံဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား

ကျောက်ပန်းတောင်း ၆ မေ

 


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စံပြရပ်ကွက်တွင် မေ ၅ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က နေအိမ်တစ်လုံး၏ အနောက်ဘက် ပစ္စည်းဂိုဒေါင် (ယခင်မီးဖိုဆောင်)အတွင်းရှိ ပလပ်ခုံ ဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

eee

 


အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်နေ ဦးမြင့်ကိုကို၏ နေအိမ်အနောက်ဘက်ရှိ သွပ်မိုး၊ အုပ်ကာ မြေစိုက်စတိုခန်း (ယခင်မီးဖိုဆောင်)အတွင်းရှိ မီးပလပ်ခုံမှ ဝိုင်ယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ပစ္စည်းဟောင်းအချို့ မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

uu

 


ဖြစ်စဉ်အပေါ် လျှပ်စစ်မီးကို ပေါ့ဆစွာသုံးစွဲသူ မြင့်ကိုကို (ဘ)ဦးလှစိန်၊ ဈေးရောင်း၊ စံပြရပ်နေသူအား ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


နေအောင်(ပြန်/ဆက်)