ကျောက်မဲ မေ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများအား သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် စခန်းသာကျေးရွာ တောင်သူ ဦးတင်ဌေး၏ စိုက်ပျိုးရေးခြံ၌ ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန လားရှိုးပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထင်စိုးက သဘာဝမြေဆွေးပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် လက်တွေ့သရုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသခဲ့ကြပြီး တောင်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


