ကျောက်မဲမြို့နယ် ပန်ပေါင်းကျေးရှိ ဝမ်းဝမ်း(KTV)  မီးလောင်

ကျောက်မဲ ၈   ဇူလိုင်


ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာရှိ ဝမ်းဝမ်း(KTV) ဆိုင်သည် ဇူလိုင် ၈ ရက် နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ 


ဖြစ်စဉ်မှာ ဆိုင်ပိုင်ရှင်နှစ်ဦးဖြစ်သူ ဦးကျော်စွာနှင့် ဦးသန့်ဇင်တို့မှာ ယခင်ရက်က အချင်းချင်းစကားများခဲ့ပြီး ဦးကျော်စွာမှာ ဝမ်းဝမ်း(KTV) အောက်ထပ်ရှိ ဦးသန့်ဇင်အိပ်သည့်အခန်းအား ဓါတ်ဆီဖြင့်လောင်းမီးရှို့ထွက်ပြေးသွားခြင်းကြောင့် ဝမ်းဝမ်း(KTV) (နှစ်ထပ်၊သွပ်မိုး၊အုတ်ကာဆိုင်) မီးလောင်မှု ဖြစ်ပွားခဲ့ရာ သတင်းအရ ကျောက်မဲခရိုင် ခေတ္တရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြသန်း၊ ကျောက်မဲမြို့မစခန်းမှူး ဒုရဲမှူးဟန်ဝင်းလှိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်မဲခရိုင် မီးသတ်ဦးစီ:မှူး ဦးဇော်မင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့မှ မီးသတ်ရေယာဉ်သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ (၆)နာရီ (၄၅)မိနစ်အချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။


ကျောက်မဲခရိုင်(ပြန်/ဆက်)