ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ကျောက်ဆည် မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် မေ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မျိုးသိန်းက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က  ပညာရေးစနစ်သစ်အကြောင်းကို တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများထံသို့ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာ စအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်