ကျောက်ဆည်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မြန်မာနိုင်ငံ၏ နေ့ထူးနေမြတ်များအကြောင်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထက်တန်းနှင့် အလယ်တန်းအဆင့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက အမှတ်(၂) ခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့အခြေခံပညာ အထက်တန်းကျောင်းများတွင် ပြုလုပ်ခဲ့သည်။

 

ဦးစွာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများက အမျိုးသားနေ့အကြောင်းနှင့် အမျိုးသားနေ့ ဆောင်ပုဒ်များ၊ အမျိုးသားနေ့ ဦးတည်ချက်များအကြောင်းနှင့် စာစီစာကုံးပြိုင်ပွဲ စည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး အထက်တန်းအဆင့်တွင် “အမျိုးသားအောင်ပွဲနေ့နှင့်လူငယ်တာဝန်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်တွင် "အမျိုးသားနေ့ တို့မမေ့" ခေါင်းစဉ်များဖြင့် စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်းနှင့် ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်သည်။

 

သက်မောင်(ကျောက်ဆည်)