ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး လူတစ်ဦးသေဆုံး

မင်းလှ ၈ ဇူလိုင် 

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်သုံးပင်အုပ်စု၊ သပြေစမ်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ် ၁၀၁/၆နှင့်၁၀၁/၇ အကြားတွင် ဇူလိုင် ၇ ရက် ညနေ ၆ နာရီအချိန်ခန့်က ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြည်ဘက်မှရန်ကုန်ဘက်သို့  ယာဉ်မောင်း ဦးဇာနည်သဲဗိုလ် မောင်းနှင်သော ယာဉ်နှင့် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ရဲလွင်မိုးမောင်းနှင်လာသော ယာဉ်တို့သည် လမ်းမအလယ်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိရာ ရဲလွင်မိုးမှာ နေရာ၌ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ အမှုအား မင်းလှမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပေါက်စ- မင်းလှ