ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ဦးတည်ရောဂါများနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း

နေပြည်တော် ၂၃ မတ်

 

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း

 

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ဦးတည်ရောဂါများနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်များကို မွေးကင်းစနှင့်ကလေး ကျန်းမာဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းနှင့် ကလေးများတွင် ဖြစ်ပွားတတ်သော လက္ခဏာတွေကို ဖော်ပြပေးထားပါသည်။

 

တီဘီရောဂါ

 

တီဘီရောဂါသည် များသောအားဖြင့်  အဆုတ်ကို ထိခိုက်စေပြီး ပြင်းထန်ပါက ဦးနှောက်၊ အရိုးနှင့် အဆစ် အပါအဝင် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပါသည်။

တီဘီရောဂါပိုးသည် လေထဲမှတဆင့် ကူးစက်နိုင်ပါသည်။

 

ကလေးများတွင်ဖြစ်ပွားပါက

အားအင်ကုန်ခမ်း မောပန်းလွယ်မည်။ ကစားလိုစိတ်မရှိပါ။

ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးနေမှု ရပ်တန့်နေခြင်း အဖျားရှိခြင်းနှင့် ညဘက် ချွေးထွက်ခြင်းများလည်း ဖြစ်တတ်သည်။

အရိုးအဆစ် တီဘီဖြစ်ပွားပါက တင်ပဆုံရိုး၊ ဒူးနှင့် ကျောရိုးတို့တွင် ရောင်ခြင်း၊ နာခြင်းနှင့် မသန်စွမ်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်းများ ဖြစ်တတ်ပါသည်။

 

တီဘီရောဂါကွာကွယ်ရန် နည်းလမ်းမှာ

 

ကလေးငယ်များအား မွေးပြီးလျှင်ပြီးခြင်း ဘီစီဂျီကာကွယ်ဆေးကို စောနိုင်သမျှ အစောဆုံး ထိုးနှံပေးရမည်။ မွေးစတွင် မထိုးနိ်ုင်ပါက အသက်(၂)လတွင် ထိုးနှံပေးရမည်။ ကလေးအသက် (၁၂)လ မတိုင်မီ ဘီစီဂျီ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပေးရန်ဖြစ်ပါသည်။

ဘယ်ဘက်လက်မောင်း အပေါ်ပိုင်းတွင် အရေပြားထဲသို့ (၁)ကြိမ် ထိုးနှံပေးပါသည်။

 

အသက်တစ်နှစ်အထက် ကလေးများတွင် ဘီစီဂျီ ကာကွယ်ဆေးသည် ရောဂါကာကွယ်ပေးနိုင်မှု မသေချာသောကြောင့် ဘီစီဂျီကာကွယ်ဆေးထိုးပေးရန် မညွှန်းတော့ပါ။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

MDN