ကြာအင်းဆိပ်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား ကျောင်းသူ ၇၄၀ ဝင်ရောက်ဖြေဆိုမည်

ကြာအင်းဆိပ်ကြီး   မတ်   ၁၁

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း များမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၄၀ ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၄၇၃ ဦး၊ တံခွန်တိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ၁၁၇ ဦးနှင့် ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၁၅၀ စုစုပေါင်း ၇၄၀ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦး