ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်းနှင့်  ဇူလိုင်လ (ပထမ) ဆယ်ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်များ

နေပြည်တော်  ၃၀ ဇွန်

၂၀၁၉ ခုနှစ်၊ ဇွန်လ(တတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသအခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း မိုးဇလမှ ဆန်းစစ်ဖေါ်ပြထားသည်။

 

496

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဇွန်လ(ဒုတိယ) ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်‌အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် (၂၂.၆.၂၀၁၉)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားကမ်းခြေသို့ ဝင်ရေက်ခဲ့ပြီး အားပျော့သွားခဲ့ပါသည်။ (၃၀.၆.၂၀၁၉)ရက်နေ့တွင် ဘင်္ဂလားပင်လယ်‌အော်အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်းရက်ဝန်း တစ်ခု ဖြစ်ပေါ်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်‌အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့် အတင့်မှ အားကောင်းခဲ့ပြီး ကျန်ဘင်္ဂလားပင်လယ်‌အော်တွင် အားအသင့်အတင့်ရှိခဲ့ပါသည်။

 

517

 

မိုးရွာသွန်းမှုအခြေအနေ

၂၀၁၉ ခုနှစ်၊ ဇွန်လ(တတိယ) ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ - တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်း တိုင်းဒေသကြီး(အောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။

မိုးရွာရက်များအနေဖြင့် 

စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၁)ရက်မှ (၂)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် (၃)ရက်မှ (၄)ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် (၆)ရက်မှ (၇)ရက်၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈)ရက်မှ (၉)ရက် မိုးထစ်ချူန်းရွာသွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး (မန္တလေးမြို့၊ညောင်ဦးမြို့၊ရမည်းသင်းမြို့)တွင် မိုးရွာသွန်းခဲ့ခြင်းမရှိပါ။

အမြင့်ဆုံးအပူချိန်အခြေအနေ

၂၀၁၉ ခုနှစ်၊ ဇွန်လ(တတိယ) ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ - စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)တွင် (၁၁)ဒီဂရီဖာရင်ဟိုက်၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၇)ဒီဂရီဖာရင်ဟိုက်စီ၊ စစ်ကိုင်း တိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီ ဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီ ဖာရင်ဟိုက်အထိ ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။ 

အနိမ့်ဆုံးအပူချိန်အခြေအနေ

၂၀၁၉ ခုနှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ − ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်ခန့်သာရှိခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်စီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၃) ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိ ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက် လျော့နည်းခဲ့ကာ၊ မကွေးတိုင်းဒေသကြီးတွင် (၇)ဒီဂရီဖာရင်ဟိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့ထက် ပိုခဲ့ပါသည်။ 

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ

၂၀၁၉ ခုနှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ - မန္တလေးတိုင်း ဒေသကြီးတွင် (၆၄%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၇၀%)မှ (၈၀%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၁%)မှ (၉၃%)အတွင်း အသီးသီးရှိခဲ့ပါသည်။ 

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ

၂၀၁၉ ခုနှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ -ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၃မီလီမီတာ)မှ (၃၂မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၃၃မီလီမီတာ)မှ (၄၃မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၄၇မီလီမီတာ)မှ (၅၈မီလီမီတာ)အတွင်း အသီးသီးရှိခဲ့ပါသည်။ 

မြေဆီလွှာအောင်းရေအခြေအနေ 

၂၀၁၉ ခုနှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ - စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (စိုစွတ်)အခြေအနေနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ အသီးသီးရှိခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအ‌နေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် အားကောင်းနိုင်ပါသည်။


မိုးအခြေအနေ


မိုးရွာသွန်းမှုအခြေအနေမှာ - ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
မိုးရွာရက်
 မိုးရွာရက်အနေဖြင့် - စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (၁၈)ရက်မှ (၂၅)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင်(၁၀)ရက်မှ (၁၇)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(ပထမ)(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်


ဘင်္ဂလားပင်လယ်အော်အခြေအ‌နေ----ဘင်္ဂလားပင်လယ်‌အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် အားကောင်းနိုင်ပါသည်။


မိုးအခြေအနေ


မိုးရွာသွန်းမှုအခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။ 


မိုးရွာရက်အနေဖြင့် - စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။


MDN