ဇလွန်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဇလွန် ဧပြီ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ညောင်ပင်စျေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် ဇနီးမှ ဧည့်သည်တော်များအား မဟာအတာသင်္ကြန်ပန်းကုံးများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ ပပျောက်မှု မရှိစေရေးနှင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

 

ယင်းနောက် မြူမှောင်ဝေကင်း သီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ နှစ်သစ်အကြို အောင်သပြေခက်နှင့် ရေစင်သွန်းလောင်း၍ ယိမ်းအဖွဲ့များက အလှည့်ကျဖျော်ဖြေ၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

 

ဝေယံ - ဇလွန် (ပြန်/ဆက်)