ဇလွန် နိုဝင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရား၌ တန်ဆောင်တိုင်ရုံးပိတ်ရက် နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီမှ စတင်ကာ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်အထိ လျှပ်စစ် ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)