ဇီဝဗေဒဘာသာ ဖြေဆိုရန် ပျက်ကွက်သူ ၈၅၀ဝ ဦးနှင့် ဘောဂဗေဒဘာသာ ဖြေဆိုရန် ပျက်ကွက်သူ ၄၉၀ဝ၄ ဦးအထိရှိခဲ့

နေပြည်တော် ၁၄ မတ်

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြား စာစစ်ဌာနများတွင် ယနေ့နံနက် ၉ နာရီက ဖြေဆိုခဲ့ကြသည်။

 

စာစစ်ဌာနအသီးသီးတွင် ဇီဝဗေဒဘာသာ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၁၂၉၄ ဦးတွင် ဖြေဆိုသူ ၁၈၂၇၉၄ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၈၅၀ဝ ဖြစ်၍ ဖြေဆိုမှု ရာခိုင်နှုန်း ၉၅ ဒသမ ၅၆ ဖြစ်ကြောင်း သိရသည်။

 

အလားတူ ဘောဂဗေဒဘာသာ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၅၂၂၇၃ ဦးရှိပြီး ဖြေဆိုသူ ၆၀၃၂၆၉ ဦး၊ ဖြေဆိုရန် ပျက်ကွက်သူ ၄၉၀ဝ၄ ဦးရှိ၍ ဖြေဆိုမှု ရာခိုင်နှုန်း ၉၂ ဒသမ ၄၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

MDN