ဇာတ်ကားကြီးတွေ ရိုက်ကူးပြီးစီခဲ့ပေမဲ့ ကြာမြင်နေမှုအပေါ် သုံးသပ်ပြောဆိုလိုက်သည့် အကယ်ဒမီမင်းသမီး

၂၉ ဒီဇင်ဘာ

အိမ်ထောင်ရေး တာဝန်တွေကို မအားလပ်သည့် ကြားကနေ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်ဖြစ်နေသည့် အကယ်ဒမီသက်မွန်မြင့်တစ်ယောက် ဇာတ်ကားတွေ အဆက်မပြတ် ရိုက်ကူးဖြစ်နေကြောင်းသိရပြီး   လတ်တလော အနေဖြင့် ဒီဇင်ဘာ (၂၉ ) ရက်နေ့က  ရုံတင်ပြသနေသည့် "ဆိုင်းကြိုက်တဲ့ မောင် " ရုပ်ရှင် ဇာတ်ကားတွင် လည်း မြင့်မြတ် ၏  ဇနီး၊ တောသူအမျိူးသမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည် ။    

 

  မေး။ ။ သက်မွန် ရဲ့ ကားတွေ  ရုံတင်ရက် နောက်ကြနေတယ်ဆိုတာ  ဘာကြောင့်လဲ ၊ပြီးတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ရော ဘာတွေ လုပ်ဖြစ်နေလဲ။
ဖြေ။ ။
    ခုလောလောဆယ်ဟစ်ဖြစ်နေတာတော့ ဒစ်ဆက်ပ်ရှင်ပေါ့။ ဒီလထဲမှာဖြစ်မလားတော့ သေချာမပြောတတ်သေးဘူး။ အခုအဲတာ join နေတယ်။ တကယ်တန်း သားသားမွေးပြီးကတည်း ရိုက်ထားတဲ့ကားတွေနဲ့ ဆိုရင် သက်မွန်၁၀ ကားကျော် ၁၅ ကားလောက်ရှိပြီ။ အခုသားသားတောင်၃နှစ် ပြည့်တော့မယ်။ မထွက်သေး ဘူးဆိုတော့ နည်းနည်းတော့ ဒိတ်အောက်နေပြီ။ အဲလိုလေးတွေဖြစ်နေတော့ ထွက်လာတဲ့အခါကျရင်ဘယ်လိုနေမလည်းမသိဘူးပေါ့နော်။ ပရိတ်သတ်တွေကတော့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ အားပေးကြမယ်လို့ မျှော်လင့် ပါ တယ် ။

 

မေး ။ ။ရုံတင်နောက်ကျနေတဲ့အပေါ် ခံစားမှုလေးက။
ဖြေ။ ။ အခုကလည်းရုံတင်တဲ့ စနစ်တွေတွေလည်းပြောင်းနေတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ်ကောင်းတဲ့စနစ်ဘက်ကို သွားမယ်လို့မျှော်လင့်ရပါတယ်။ ရုံရှင်ကကြိုက်မှတင်ရမယ်ဆိုတော့ သူတို့ကဘယ်လိုမျိူးဇာတ်လမ်းကြိုက်မယ်ဆိုတာ ကိုလည်းမပြောတက်ဘူးလေ။ အနုပညာကိုဦးစားပေးမလား။ စီးပွားရေးကိုဦးစားပေးမလား။ ကောင်းတဲ့ဘက်ကိုဦးတည်ပါစေလို့ မျှော်လင့်ပါတယ်။ အခုဟာကရုပ်ရှင်ကားအရေအတွက်ကလည်းများနေတယ် ။ ရုံကလည်းထပ်တိုးချဲ့တယ်ဆိုတော့ မမျှသေးဘူးဆိုတော့ အခုလိုမျိုး နှစ်ကြာသွားမျိုးဖြစ်တက်တာပေါ့နော်။ ထွက်လာတဲ့အခါမှာ ပရိသတ်နဲ့ အကြိုက်ခြင်းတူဖို့ စိတ်ခြင်းထပ်ဖို့ကခဲယဉ်းပါတယ်။ ကံပဲလို့ပြောရမှာပေါ့။ အချိန်အခါကလည်းကွာသွားတယ်ဆိုတော့လေ ၊ဇန်နဝါရီလထဲမှာတော့ ရုပ်ရှင်ကားကြီးတွေရော ဗီဒီယိုတွေကောလက်ခံထားပါတယ်။ ရိုက်ဖို့ရှိပါတယ်။

 

မေး။ ။ ၂၀၁၇ သက်မွန်အတွက်ကံကောင်းတဲ့နှစ်လို့ပြောလို့ရမလား ။
ဖြေ။ ။ ကံကောင်းပါတယ်။ ကိုယ်လိုချင်တဲ့သမီးလေးလည်း ပိုင်ဆိုင်ရတယ်။ သမီးလေးကလည်း ကျန်းကျန်း မာမာလည်းရှိတယ် ။ စီးပွားရေးလည်းလုပ်ရတယ်။ အနုပညာအလုပ်လည်းလုပ်ရတယ်။ အရမ်းတော့ ဖြတ်သန်း ရတာပေါ့နော်။ အခက်အခဲပေါင်းစုံရှိကြတာပဲလေ။ ကျော်လွှားရတယ်။စိန်ခေါ်မှုတွေအများကြီးရှိတာပဲလေ။ တစ်ထစ်ချင်းလျှောက်လှမ်းလာနိုင်တယ်လို့ ထင်ပါတယ်။ ကံကောင်းခြင်းတွေရှိတဲ့နှစ်လို့ပြောလို့ရပါတယ်။

mdn

 

 

မေး။ ။ အခုဆိုကိုယ်တိုင်မိခင်ဖြစ်လာပြီဆိုတော့ သားသမီးတွေ ရဲ့ အပေါ် မိခင်တစ်ယောက် ရဲ့ ခံစားချက်လေး။
ဖြေ။ ။ ပြောင်းပြန်လိုကိုဖြစ်နေတယ် ။ တစ်ခါတစ်လေ ၁ယောက်နဲ့ ၁ယောက်ချရင် မီးမီး ကမငိုဘူး ။ သားသားက ငိုတယ်။ အမေကိုကပ်တယ်ချွဲတယ်။ ပူစာတယ်။ ၂ယောက်စလုံးကတော့
  ဉာဉ်လေးတွေကောင်းပါတယ် ။ မိဘကိုဒုက္ခမပေးဘူးပေါ့နော် စိတ်မဆင်းရဲရဘူးသူတို့အတွက် အစားအစာဆိုလည်း ၂ယောက်လုံး ဘာကြွေးကြွး စားတယ်။ သူတို့ကဒါမစားဘူးဆိုပြီး မိဘစိတ်ဆင်းရဲနေရတာမျိုးမရှိဘူး ။

 

မေး။ ။ နောက်ထပ်ကလေးယူဖို့အစီအစဉ်ရှိသေးလား။ 
ဖြေ။ ။ အဲတာကတော့ ကိုယ်ကသာမာန်လူ၁ယောက်အနေနဲ့ဆိုရင်တော့ ဆန္ဒရှိပါတယ်။ မိသားစုမောင်နှမများ တာကို လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့တွေကြီးလာတဲ့အခါကြရင် ဆွေးမရှိမျိုးမရှိနဲ့ဘဝကို ရုန်းကန်ရမှာဆိုးတယ်။ ကိုယ်ကိုတိုင်လည်း ဆွေးမျိုးတွေရှိရဲ့နဲ့ တခြားမှာကိုယ်ရှင်သန်လုပ်ကိုင်ရတဲ့အခါကျတော့ သူတို့ကိုထားခဲ့ရတယ်။ မိဘမောင်နှမတွေနဲ့ ကွဲကွာရတယ။် အရမ်း lonely ဖြစ်တယ် ။ လောကတစ်ခုမှာကိုယ့်ကိုဖြတ်သန်းရသလိုဖြစ်နေတယ်လေ။ သူတို့ကိုအဲလိုမျိုးမဖြစ်စေချင်ဘူး။ အသက်အရွယ်လည်းရှိသေးတယ် ။ အနုပညာသမားဖြစ်နေတဲ့အတွက် နည်းနည်းတော့ချိန်ရတာပေါ့နော်။ ခုလက်ရှိမှာတော့ သားလေးရော သမီးလေးရောရှိနေပြီဖြစ်တဲ့အတွက် ကျေနပ်စရာကောင်းနေပါပြီ ။

 

 

မေး။ ။ သား နဲ့ သမီး အတွက် ရည်မှန်းချက်လေးတွေက
ဖြေ။ ။ ရည်မှန်းထားတာကတော့
  သူတို့အတွက်အကောင်းဆုံးဆိုတာမျိုးပေါ့နော်။ သူဘာဝသနာပါမလဲ၊ ဘာဖြစ်ချင်လည်းဆိုတာ ကြည့်ရဦးမှာပေါ့။ တကယ်လို့အနုပညာပဲလုပ်ချင်တယ်ဆိုရင်တော့ ကိုယ်ကအတွေ့ အကြုံရှိပြီးသားဖြစ်တဲ့အတွက် ကောင်းကောင်း ပံ့ပိုးပေးနိုင်မယ်လို့ထင်ပါတယ်။ မလုပ်ချင်ဘူး စာကိုပဲစိတ်ဝင်စားတယ် ကျောင်းတက်မယ် သူ့အဖေလိုင်းဘက် archi လိုင်းဘက်သွားမယ်ဆိုရင်လည်း သူ့အဖေက ပံ့ပိုးပေးမှာပါ ။ သားကတော့အခုတစ်နေ့ကို မှန်သုံးကြိမ်လောက်ကြည့်နေတယ် အရမ်းလှချင်တယ်။
 သားသားကခု April ကျရင်၃နှစ်ပြည့်မယ် မီးမီးက ဒီဇင်ဘာ ၁၄ ရက်ကျရင်၁နှစ်ပြည့်ပါပြီ။

ကိုလင်း