ဟယ်ရီနဲ့မီဂန်တို့ရဲ့ အနာဂတ်အရေးနဲ့အတူ မပြီးဆုံးသေးတဲ့ ဝင်ဆာရဲ့ အိပ်မက်

mdn

သတင်းဆောင်းပါး - ထွန်းသစ်စ

 

မင်းသားဟယ်ရီနဲ့ သူ့ရဲ့လူသိများကျော်ကြားတဲ့ သရုပ်ဆောင်ကြင်ယာတော်မီဂန်တို့ဟာ လူအများကို အထိတ်တလန့် တုန်လှုပ်စေတဲ့ ကြေညာချက်တစ်ရပ်ကို ရုတ်တရက် ကြေညာလိုက်တဲ့အခါမှာတော့ အားလုံး အံ့ဩသွားကြပါတော့တယ်။ ဘယ်သူမှမထင်မှတ်ထား တဲ့အချိန်မှာဘယ်သူမှမထင်မှတ်ထားတဲ့ကြေညာချက် ဖြစ်တဲ့အတွက်လူတွေအားလုံးအထိတ်တလန့်ဖြစ်သွား သလို ဗြိတိန်ရဲ့ ထီးနန်းစနစ်ကိုလည်း တုန်လှုပ်သွားစေခဲ့ ပါတယ်။

 

အဆိုးဆုံးကတော့ ဒီကိစ္စကို ဘုရင်မကြီး အဲလိဇ ဘတ်ကို အသိပေးခြင်းမရှိခဲ့ပါဘူးလို့ သိရပါတယ်။ ဘုရင်မကြီးမှ မဟုတ်ပါဘူး၊ ဘုရင်မကြီးရဲ့ ကြင်ယာတော်မင်းသားကြီး ဖီးလစ်လည်း ဒီကိစ္စကို မသိခဲ့ပါဘူး။ ထို့အတူ အနာဂတ်မှာ ဘုရင်ဖြစ်လာမယ့် မင်းသားများလ်လည်း ဒီကိစ္စကို မသိပါဘူး။

 

ဆန္ဒရှိ

 

ဒါဆိုရင် ဘယ်လိုကြေညာချက်မျိုးက အခုလိုမျိုး အထိတ်တလန့်အံ့ဩမှုကို ဖြစ်စေခဲ့တာလဲ။ ဘုရင်မကြီး နဲ့ မင်းသားကြီးတောင် မသိတဲ့ ကြေညာချက်ဟာ  ဘယ်လိုကြေညာချက်မျိုးလဲ။ ဟုတ်ပါတယ်။ ဒီကြေညာ ချက်ကို မထုတ်ပြန်ခင် မင်းသားဟယ်ရီနဲ့ မြို့စား ကတော် မီဂန်တို့ဟာ အချိန်အတော်လေး စဉ်းစားခဲ့ရပါတယ်။ အဲဒီလိုအချိန်အကြာကြီး စဉ်းစားပြီးမှ ဒီလို ကြေညာချက်ကိုသူတို့ရဲ့ လူမှုမီဒီယာကိုယ်ပိုင်အကောင့် ကတစ်ဆင့် ကြေညာလိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကြေညာချက်မှာ မင်းသားဟယ်ရီနဲ့ ကြင်ယာတော် မီဂန်တို့ ဖော်ပြလိုက်တာကတော့ သူတို့အနေနဲ့ တော်ဝင်မိသားစုရဲ့ အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင် ရမယ့် အဆင့်မြင့်ရာထူးနေရာတွေကို ပြုံးပြနှုတ်ဆက်လိုက်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။

 

လအတော်ကြာ ဇနီးမောင်နှံနှစ်ဦးတို့ ဆွေးနွေးမှု များပြုလုပ်ပြီးတဲ့အခါမှာတော့ သူတို့ရဲ့ ဘဝကို တစ်မျိုး တစ်မည်ပြောင်းလဲဖို့ စိတ်ကူးယဉ်အိပ်မက်တွေကို အခုနှစ်မှာ ရွေးချယ်ခဲ့တာပါလို့လည်း သူတို့ရဲ့ လူမှုမီဒီယာမှာ ထပ်မံဖော်ပြထားပါသေးတယ်။ တော်ဝင်မိသားစုရဲ့ သမားရိုးကျလမ်းဟောင်းအတိုင်း မလိုက်ဘဲ အခြားပုံစံသစ် တစ်မျိုးနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားဖို့ အခုလို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဟယ်ရီတို့ ဇနီးမောင်နှံ နှစ်ဦးတို့က ဖွင့်ဟထားပါတယ်။ ပြီးတော့လည်း သူတို့ဟာငွေကြေးဆိုင်ရာလွတ်လပ်မှုရရှိအောင်၊ အမှီအခို ကင်းအောင် လုပ်ဆောင်သွားဖို့ လည်း ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။

 

ရေးသားဖော်ပြ

 

ဇနီးမောင်နှံနှစ်ဦးတို့ရဲ့ ကြေညာချက်မှာ သူတို့ဟာ တော်ဝင်မိသားစုနဲ့ ဘုရင်မကြီးရဲ့ လုပ်ငန်းစဉ်တွေကို ဒီအတိုင်း ပစ်ပစ်ခါခါ လုပ်သွားမှာ မဟုတ်သလို တစ်ဖက်တစ်လမ်းကကူညီပေးရင်း အင်္ဂလန်နှင့် မြောက် အမေရိကကြား သူတို့ရဲ့ အချိန်တွေကို ပျော်ရွှင်စွာ မျှမျှတတကုန်ဆုံးမယ်လို့လည်း ဖော်ပြထားပါတယ်။ ဇနီးမောင်နှံနှစ်ဦးရဲ့ ကြေညာချက်ထွက်ပေါ်လာပြီး မကြာမီမှာပဲ ဘာကင်ဟန်နန်းတော်က ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်ပြီး အဲဒီကြေညာချက်မှာ ဇနီး မောင်နှံနှစ်ဦးတို့အနေနဲ့ ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ချင်မှန်း စာနာနားလည်သော်လည်း ဒီအရေးဟာ တော်ဝင်အရေးဖြစ်တဲ့အတွက် အနည်းငယ်ရှုပ်ထွေးတယ်လို့ ဖော်ပြ ထားပါတယ်။ ပြီးတော့လည်း ဟယ်ရီနဲ့ မီဂန်တို့နဲ့ ဆွေးနွေးနေမှုတွေဟာ အစောပိုင်းအဆင့်မှာ သာရှိပါသေးတယ်လို့ ဘာကင်ဟန်နန်းတော်ရဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

 

မင်းသားဟယ်ရီနဲ့ ကြင်ယာတော်မီဂန်တို့ရဲ့ ဒီကြေညာ ချက်ဟာ တော်ဝင်နန်းတော်အတွက် တကယ့်ကို စိတ်ပျက် အားလျော့စရကောင်းပြီး နာကျင်မှုတွေ ဖြစ်ရတယ်လို့ ဘီဘီစီရဲ့ ဇန်နဝါရီ ၉ ရက် ဖော်ပြချက်အရ သိရပါတယ်။ အဲဒီရက်မှာပဲ သတင်းစာတွေမှာလည်း တော်ဝင်မိသားစု ပြိုကွဲသယောင်ယောင်၊ ဘုရင်မကြီးကပဲတုန်လှုပ်ချောက် ခြားနေသယောင်ယောင် ရေးသားဖော်ပြထားကြပါတယ်။ တော်ဝင်နန်းတော်နဲ့ ပတ်သက်ပြီး မကောင်းသတင်း တွေကို ဖော်ပြခဲ့တဲ့ သတင်းစာတွေကို သူတို့က ပြစ်တင်ပြောကြားလိုက်ပြီး တရားရုံးတင်သင့်တယ်လို့ ဆိုပါတယ်။

 

ဝင်ဆာရဲ့ ဂယက်

 

ဟယ်ရီဟာ အသက် ၃၅ နှစ်ရှိပြီး မီဂန်ဟာ အသက် ၃၈ နှစ်ရှိပါပြီ။ သူတို့ဟာ မင်းသား ဝီလီယံနဲ့ သူ့ကြင်ယာ တော် ကိတ်တို့လိုပဲ တော်ဝင်နန်းတော်မှာရှိတဲ့ မိသားစုဝင် တွေထဲမှာတော့ ထိပ်တန်းအဆင့်မှာရှိတဲ့အရေးကြီးတဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ သူတို့ဟာ အနာဂတ်ဗြိတိန် ထီးနန်းမှာတော့ တကယ့်ကို အရေးပါသူတွေ ဖြစ်ပါတယ်။

 

ဟယ်ရီနဲ့ မီဂန်တို့ ဇနီးမောင်နှံဟာ တော်ဝင်ရိုးရာ မိသားစု ခရစ္စမတ်ကာလကို အင်္ဂလန်အရှေ့ပိုင်းမှာရှိတဲ့ ခရစ္စမတ်ဆင်နွှဲနေကျ နေရာဖြစ်တဲ့ ဆန်ဒရင်ဂန်မှာ မဆင်နွှဲဘဲ ကနေဒါမှာ ဆင်နွှဲခဲ့ပါတယ်။ သူတို့ရဲ့ ပွဲတော် ကာလကို မီဂန်ရဲ့ အမေရိကန်မိခင် ဒိုရီယာရေဂန်နဲ့အတူ ဖြတ်ကျော်ခဲ့ကြပါတယ်။ ဆူးဆက်စ်နယ်စားနဲ့ ပတ်သက်တဲ့ အောက်တိုဘာလမှာ ပေါ်ထွက်လာတဲ့ ကောလာ ဟလတွေဟာလည်း ကောင်းတာတွေ မရှိခဲ့ပါဘူး။ ခြောက်ယောက်မြောက် ထီးနန်းဆက်ခံမယ့် ဆူးဆက်စ်နယ်စား ဟယ်ရီဟာ သူနဲ့ ဝီလီယံတို့ဟာ ရပ်တည်ပုံချင်း မတူညီကြ ဘူး။ သူတို့ညီအစ်ကိုကြားမှာ အမှတ်ရစရာကောင်းမွန်တဲ့ ရက်တွေရှိခဲ့သလို အတိတ်ကို ပြန်ပြောင်း မတွေးချင်တဲ့ ဆိုးရွားတဲ့ရက်တွေလည်း ရှိခဲ့တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေဟာ တစ်ယောက်နဲ့ တစ်ယောက် သိပ်မတွေ့ဖြစ်ဘူးလို့ သူတို့ယုံကြည်ရတဲ့ အိုင်တီဗွီတွေ့ဆုံမေးမြန်းခန်းမှာဖြေကြား ထားတာ ရှိပါတယ်။

 

ထို့အတူပဲ အိုင်တီဗွီရဲ့ ရုပ်မြင်သံကြားအင်တာဗျူး သတင်းထောက်ဘရက်ဘီက မီဂန်ကို မိခင်တစ်ယောက် ဖြစ်လာပြီး မီဒီယာတွေရဲ့ စောင့်ကြည့်မှုကို ခံနေရတာနဲ့ ပတ်သက်ပြီး အလွန်လည်း အဆင်မပြေဘူး။ ဘဝဟာ တကယ်ဒုက္ခတွေနဲ့ ရင်ဆိုင်နေသလားလို့မေးမြန်းလိုက်တဲ့အခါ မီဂန်က ဟုတ်ပါတယ်လို့ ဖြေခဲ့ဖူးပါတယ်။ ဘရက်ဘီ က အခုဝင်ဆာရဲတိုက်မှာ တကယ့်တော်ဝင်ဘဝကို ငြီးငွေ့ စိတ်ကုန်နေတဲ့သူတွေကို တွေ့နေရတယ်။ ဝင်ဆာရဲ့ ဂယက်ဟာ မပြီးသေးဘူးလို့ ပြောလိုက်ပါတယ်။ ။

 

စိတ်ဝင်စားဖို့ ကောင်းလာပြီ

 

လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းက ဟယ်ရီဟာ သတင်းစာထုတ်ဝေသူအချို့ကို တရားစွဲဆိုမှုတွေ လုပ်ခဲ့ ပါသေးတယ်။ သူ့အမေ ဒိုင်ယာနာလိုပဲ မီဂန်ဟာ သတင်းသမားတွေ လိုက်နှောင့်ယှက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဟယ်ရီကတော့ မီဂန်ကိုသူ့အမေလို သတင်းသမားတွေရဲ့ သားကောင်ဖြစ်ပြီး ကားမတော်တဆမှုဖြစ်ခွင့်မပေး နိုင်ဘူးလို့ ပြောထားပါတယ်။ ဟယ်ရီတို့ဇနီးမောင်နှံဟာ တော်ဝင် မိသားစုရဲ့ အလှည့်ကျတာဝန်ထမ်းဆောင်မှု ဇယားတွေမှာ မပါတော့ဘဲ နေတော့မယ်လို့ သတင်းဝက်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။ အဲဒီအလှည့်ကျ တာဝန်ထမ်းဆောင်တဲ့ ဇယားဆိုတာကလည်း တော်ဝင် နန်းတော်နဲ့ မီဒီယာကြား ဆက်နွယ်နေတဲ့ကိစ္စရပ်တွေ | ကို ကိုင်တွယ်ဖြေရှင်းရတဲ့သဘောပဲ ဖြစ်ပါတယ်။

 

အခုဆိုရင်တော်ဝင်မိသားစုအရေးဟာ ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲ။ ဟယ်ရီတို့ ဇနီးမောင်နှံဟာ ပြောသလိုပဲ တကယ်လုပ်တော့မှာလား၊ အဲဒီလိုသာ တကယ်လုပ်သွားရင် တော်ဝင်နန်းတော်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ တကယ်စိတ်ဝင်စားဖို့ကောင်း လာပြီဆိုတာ တင်ပြလိုက်ရပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ