ဟူသီသူပုန်တို့ ပစ်ခတ်မှုကြောင့် ကုန်တင်သင်္ဘောနစ်မြုပ်

 

အေဒင် မတ် ၃

ဟူသီသူပုန်တို့၏ ပစ်ခတ်မှုကြောင့် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့သည်ဟု ယီမင် ကြားဖြတ်အစိုးရက ပြောသည်။ အဆိုပါ နစ်မြုပ်မှုသည် ပထမဦးဆုံး နစ်မြုပ်သွားသည့် ကုန်တင် သင်္ဘောလည်း ဖြစ်သည်ဟု ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။

ပင်လယ်နီနှင့် ဆက်စပ်နေသည့် အေဒင်ပင်လယ်ကွေ့တွင် ပြီးခဲ့သည့်လအတွင်းက ဒုံးကျည် ပစ်ခတ်မှုကြောင့် သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါကုန်တင် သင်္ဘောမှာ မြေဩဇာများ တင်ဆောင်လာသည့်သင်္ဘောဖြစ် သည်ဟု မီဒီယာတွင် ဖော်ပြ ထားသည်။

သင်္ဘောအမှုထမ်းများကို ကယ်တင်နိုင်ခဲ့သော်လည်း သင်္ဘောမှ ဆီများမှာ သမုဒ္ဒရာ အတွင်းသို့ စီးသွားသည်ဟု သိရသည်။ ဟူသီတို့၏ တိုက်ခိုက်မှုသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ ဖြစ်ပေါ်စေသည်ဟု ယီမင်ကြားဖြတ်အစိုးရက ပြောသည်။

အီရန်ကို ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်တို့သည် ဂါဇာဒေသရှိ ဟားမားစ်များနှင့် စည်းလုံးညီညွတ်ကြောင်း ပြသသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်ကာ ပင်လယ် နီတစ်ဝိုက်တွင် ကုန်တင်သင်္ဘော ကြီးများကို အကြိမ်ကြိမ်တိုက်ခိုက် ခဲ့သည်။

အဆိုပါဒေသမှာ ပင်လယ် ရေကြောင်းသွားလာမှုအတွက် အဓိကကျသည့် နေရာဖြစ်ပြီး ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် သင်္ဘောအများစုမှာ လမ်းကြောင်ပြောင်းကာ ခုတ်မောင်းနေရ သည်။ ထို့ကြောင့် ကမ္ဘာ့ကုန်သွယ် ရေးကွင်းဆက်ကို အဟန့်အတား များ ဖြစ်ပေါ်စေသည်။

အင်န်အိတ်ချ်ကေ