ဟူသီစစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ဗီယက်နမ် သင်္ဘောသားတစ်ဦးသေဆုံးခဲ့ခြင်းအပေါ် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ရှုတ်ချ

ဟနွိုင်း၊ မတ် ၉

အေဒင်ပင်လယ်ကွေ့ရှိ ကုန်တင်သင်္ဘောတစ်စင်းကို ဟူသီစစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် ဗီယက်နမ်သင်္ဘောသား တစ်ဦးသေဆုံးခဲ့ခြင်းအပေါ် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က ရှုတ်ချကြောင်း ပြောကြားသည်။ မတ် ၆  ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသုံးဦးမှာ ဗီယက်နမ် သင်္ဘောသားတစ်ဦးနှင့် ကျန်နှစ်ဦးမှာ ဖိလစ်ပိုင် နိုင်ငံသားများဖြစ်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသား  နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ဆိုသည်။

နိုင်ငံတကာ ရေကြောင်းပိုင်နက်အတွင်း လုံခြုံရေး၊ ဘေးကင်းရေးနှင့် လွတ်လပ်မှုရှိစေရန် သက်ဆိုင်ရာ အဖွဲ့ အစည်းများအား အင်အားအသုံးမပြုရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဖမ်သူဟန်က တိုက်တွန်းပြောကြားသည်။

အမေရိကန် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်သည် ဘာဘေးဒိုးစ်နိုင်ငံ အလံလွှင့်တင်ထားသည့် သင်္ဘော “True Confidence”ကို ထိမှန်ခဲ့သည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုသည်။

ဟူသီသူပုန်များသည် ယီမင်ကမ်းလွန်ရေပြင်တွင် ဒုံးကျည်များစွာဖြင့် အမေရိကန် စစ်သင်္ဘောတစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဟူသီများက အခိုင်အမာပြောကြားသည်။ အိန္ဒိယရေတပ်သည် အိန္ဒိယနိုင်ငံသားတစ်ဦးအပါအဝင် သင်္ဘောသားများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ဟူသီစစ်သွေးကြွများသည် နိုဝင်ဘာလကတည်းက ပင်လယ်နီအတွင်းနှင့် အနီးတစ်ဝိုက်တွင် ကုန်တင်သင်္ဘောများ ကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

မတ် ၆ ရက်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ပထမဆုံး အသက်သေဆုံးခဲ့သည့် တိုက်ခိုက်မှုဖြစ်သည်။ ဂါဇာကမ်းမြောင်၌ အစ္စရေးနှင့် ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည့် ဟားမတ်စ်တို့နှင့် စည်းလုံးညီညွတ်မှုရှိသည်ကို ပြသရန် ဟူသီစစ်သွေးကြွအဖွဲ့က ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။

အမေရိကန်နှင့် အခြားနိုင်ငံများသည် ဟူသီအခြေစိုက်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်