ဟုမ္မလင်းမြို့နယ်၌ ဆင် (၁ ) ကောင်  တောင်စောင်းပေါ်မှ ပြုတ်ကျ သေဆုံး

နေပြည်တော် ၁၃ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သဝန်ဖားနှိုင်းကျေးရွာ နမ့်ပင်ချောင်းအတွင်း ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဆင်သေ (၁) ကောင် မျောလာကြောင်း သဝန်ဖားကျေးရွာအုပ်ချုပ်ရေးမှူးမှ အကြောင်းကြားသဖြင့် ဟုမ္မလင်း မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဆင်ဆရာဝန် ဒေါက်တာ ကျော်ကျော်နိုင်နှင့် မြို့နယ်သား/ငှက်ထိန်းသိမ်းရေးဌာနမှ တောအုပ်ကြီး ဦးမြင့် တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသည့် ဆင်မှာ ဆင်အမ၊ အသက် (၄) နှစ်ခန့်၊ အရပ်အမြင့် (၄) ပေ (၈) လက်မခန့်၊ လုံးပတ် (၈) ပေ၊ ခြေသည်း ရှေ့ (၅) နောက် (၄) ဖြစ်ပြီး ဆရာဝန်၏ စစ်ဆေးချက်အရ တောင်စောင်းပေါ်မှ ပြုတ်ကျ၍ ယာခြေထောက်နှင့် ယာနံရိုးကျိုး၍ သေဆုံးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

MDN