နေပြည်တော် မတ်   ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဗျူဟာလမ်းမှ မှန်ပင်ကျေးရွာသို့ ဆက်သွယ်ထားရှိသည့် ဗျူဟာ - မှန်ပင် မြေသားလမ်း ၂ မိုင် လမ်းအဆင့်မြှင့်တင်၍  အမာခံလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၃,၅၀၉ စု၊ လူဦးရေ ၂၀,၆၀၆ ဦး တို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍများတွင် ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်