ဟုမ္မလင်း၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၂၃ ဇန်နဝါရီ  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီတွင် ဟုမ္မလင်းမြို့နယ်၊ နောင်ဖာမူကျေးရွာအုပ်စု၊ ပေကုန်း ကျေးရွာ- မှိုတောက် ကျေးရွာသွားတောလမ်းတွင် ကျော်ရင် မောင်းနှင်ပြီး အိုက်သန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၆ ကီလို စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ကိုလည်းကောင်း၊ 

အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့၊ ဟိုတိကျေးရွာအနီး၊ ဘန်းယဉ်-ဟိုပုံးသွား ကားလမ်းတွင် စံအေး မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။    

(ရဲပြန်ကြား)