ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

နေပြည်တော် ၃၁  ဇူလိုင် 
    

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
    

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က သတ်မှတ်ထားသော နေရာများတွင် ပိတောက်ပင်များကို စိုက်ပျိုးခဲ့ကြပြီး အရာထမ်း၊ အမှုထမ်းများက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ ၊ မန်ကျည်း စသည့် အဖိုးတန်သစ်မာ ပင်များနှင့် နှစ်ရှည်ပင် စုစုပေါင်း (၂၅၀) ကို စိုက်ပျိုးကြသည်။ 

 

1


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုကာ ဝန်ကြီးဌာနမှ နှစ်အလိုက် စိုက်ပျိုးထားရှိပြီးဖြစ်သည့် နှစ်ရှည်ပင်များ ရှင်သန်စေရေး ဂရုပြုထိန်းသိမ်းရန် မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

 

1