ဟိုပင်မြို့နယ်၌ ဘိန်းဖြူ ၅၇၂၀ ဂရမ်၊ စိတ်ကြွဆေးပြား ၆၆၆၉၀၀ နှင့် ဘိန်းဆီခဲ ၁၄၃၇၀ ဂရမ်ဖမ်းဆီးရမိ

ဟိုပင်မြို့၊ ဇီးကုန်းကျေးရွာ၊ ဟိုပင်-လုံးတုံ-ကုန်းသာ-ညောင်ပင်သွား ကားလမ်း၊ မိုင်တိုင် အမှတ်(၈/၂)အနီး၌  ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ရပ်တန့်ထားသည့်7C/------ SURF မော်တော်ယာဉ် တစ်စီးအား မသင်္ကာဖွယ် တွေ့ရှိရကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက်သွားစစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ခရီးဆောင်အိတ်များအတွင်း ဆပ်ပြာခွက် ၅၇၂ ခွက်ဖြင့်ထည့် ထားသည့် ဘိန်းဖြူ ၅၇၂၀ ဂရမ်  ကာလတန်ဖိုးငွေကျပ် ၄၀၀၄၀၀၀၀၀ ၊ စိတ်ကြွဆေးပြား ၆၆၆၉၀၀ ကာလတန်ဖိုးငွေကျပ် ၂၀၀၀၇၀၀၀၀၀ နှင့် ဘိန်းဆီခဲ ၁၄၃၇၀ ဂရမ် ကာလတန်ဖိုးငွေကျပ် ၆၄၆၆၅၀၀၀ တို့အား ဖမ်းဆီးရမိခဲ့သဖြင့် ဟိုပင် နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။  

 

ရဲပြန်ကြား