ဟောင်ကောင် အကြမ်းဖက်ဆန္ဒပြမှုကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရှုတ်ချ

၂ ဇူလိုင် 

ဟောင်ကောင်ကို တရုတ်နိုင်ငံလက်ထဲရောက်ရှိတဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ မနေ့က ဇူလိုင် ၁ ရက်နေ့မှာ ဆန္ဒပြပွဲကျင်းပရာ ညနေပိုင်းမှာ ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော်အဆောက်အအုံထဲကို တံခါးတွေ ချိုးဖျက်ပြီး ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။ 

 

1

 

အဲဒီလုပ်ရပ်ဟာ အကြမ်းဖက်ဆန္ဒပြမှုဖြစ်တယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလန်းက ရှုတ်ချလိုက်ပါတယ်။ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘေကျင်းက ခန့်အပ်ထားတဲ့ ကယ်ရီးလန်း က အကြမ်းဖက်ဆန္ဒပြမှုကို တွေ့ရတာက အံ့အားသင့်စရာကောင်းသလို စိတ်မချမ်းသာရကြောင်း၊ ဟောင်ကောင်မှာ တရားဥပဒေစိုးမိုးရေးထက် ဘာမှ အရေးမကြီးဘူး အဲဒီအဖြစ်အပျက်ကို အပြင်းအထန် ရှုတ်ချကြောင်း ပြောကြားပါတယ်။ 

 

2

 

သတင်းစာရှင်းပွဲမှာ ကယ်ရီလန်းနဲ့ အတူရှိနေတဲ့ ဟောင်ကောင် ရဲချုပ် စတီဖင်လို ကလည်း အကြမ်းဖက်ဆန္ဒပြမှုဟာ ငြိမ်းချမ်းစွာတောင်းဆိုခွင့်စည်းမျဉ်းကို ကျော်လွန်သွားပြီ လို့ ဆိုပါတယ်။ 

 

3

 

လွှတ်တော်အဆောက်အအုံရှေ့ရှိ အပျက်အစီးများကို ကုသိုလ်ဖြစ်သန့်ရှင်းရေးလုပ်ဆောင်နေတဲ့ ဘလူးဝေါင်းက ဆန္ဒပြလူငယ်တွေကို အခုလိုအခြေအနေကို ရောက်အောင် တွန်းပို့တဲ့ အစိုးရကို စိတ်ဆိုကြာင်း၊ လူငယ်တွေကို သူ့အနေနဲ့ ပစ်တင်တာမျိုးမလုပ်နိုင်ဘူး။ အခုလိုအကြမ်းဖက်လုပ်ဆောင်ခဲ့ပေမယ့် သူတို့ရဲ့နှလုံးသားဟာ နူးညံ့တယ်။ ဟောင်ကောင်ကောင်းဖို့အတွက်လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။ 

MDN
ကိုးကား - AFP