စက်တင်ဘာ ၂၆
ဂွါတီမာလာနိုင်ငံတွင် မိုးရာသီကာလအတွင်း သေဆုံးသူ ၃၂ ဦး၊ ၁၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အမျိုးသားညှိနှိုင်းရေးအဖွဲ့က ယမန်နေ့ကပြောသည်။
အဆိုပါမိုးရာသီကာလအတွင်း မိုးရွာသွန်းမှုများကြောင့် စာသင်ကျောင်း ၃၀၊ လမ်း ၂၄၂၊ တံတား ၃၁ စင်း၊ နေအိမ် ၄၇၂ လုံး ပျက်စီးခဲ့သည်ဟု ထိုအေဂျင်စီကဖော်ပြထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူပေါင်း ၅၆၈၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၀၃၀၃ ဦး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသည်။
ယမန်နေ့အစောပိုင်းက ဂွါတီမာလာမြို့ရှိ နာရန်ဂျိုမြစ်ရေလျှံမှုဖြစ်ပွားခဲ့ရာ သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာအမျိုးသားညှိနှိုင်းရေးအဖွဲ့သည် အမျိုးသားပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ မီးသတ်ဌာနနှင့် အခြားကယ်ဆယ်ရေးတပ်ဖွဲ့တို့နှင့်ညှိနှိုင်းဆောင်ရွက်ကာ ပျောက်ဆုံးနေသူများအား ရှာဖွေမှု စတင်လုပ်ဆောင်နေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို