ဂျပန်နိုင်ငံက နိုင်ငံပေါင်း ၁၁နိုင်ငံကို ဗီဇာများ ပယ်ဖျက်

ကမ္ဘာ့ကူးစက်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်ခံပျံ့နှံ့နေမှုကြောင့် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကရှိ နိုင်ငံပေါင်း ၁၁နိုင်ငံမှ ဗီဇာများကို ပယ်ဖျက်ရန်  ဂျပန်အစိုးရက သောကြာနေ့တွင် ဆုံးဖြတ်လိုက်သည်။

 

ဂျပန်သံရုံးမှ ဗီဇာထုတ်ပေးထားသည့် နိုင်ငံပေါင်း ၇၅၀ဝ၀ဝရှိပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အစ္စရေး၊ ကာတာ၊ ဘာရိန်းနှင့် ကွန်ဂိုနိုင်ငံတို့ဖြစ်သည်။ ကွန်ဂိုနိုင်ငံ၏ ဗီဇာသည် စနေနေ့တွင် တရားဝင်တော့မည် မဟုတ်ပေ။

 

တရုတ်၊ တောင်ကိုးရီးယား၊ အီရန်၊ အီဂျစ်နှင့်ဥရောပနိုင်ငံများ အပါအ ဝင်နိုင်ငံပေါင်း ၄၀ မှဗီဇာများကိုအစိုးရက အစောပိုင်းကတည်းက တရားဝင်ပယ်ဖျက်ပြီးသားဖြစ်သည်။

 

တရုတ်နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့အတွက် ထုတ်ပေးထားသည့် ဗီဇာများ၏ သက်တမ်းသည် အစပိုင်းက မတ်လတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အစိုးရ၏ မူဝါဒဖြင့် ဧပြီလကုန်အထိ သက်တမ်း တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn