ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိလေ့လာ

ရန်ကုန်   ၁၄  ဇန်နဝါရီ


 
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Tashiko Abe (မစ္စတိုရှိကိုအာဘေး) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီ ၅ မိနစ်က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

 

155233

 

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama  နှင့်တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

588

 

ထို့နောက် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ၊ ချစ်တီးကုန်းရပ်ကွက်၊ ရေဝေးသုသာန်ဝင်းရှိ ဂျပန်စစ် သင်္ချ ိုင်းနှင့် ဒဂုံမြို့နယ် ၊ ပြည်လမ်းအနောက်ရပ်ကွက်၊ သံတမန်လမ်းရှိ ရန်ကုန်ဂျပန်စာသင်ကျောင်း (Yangon Japanese School) သို့သွားရောက်၍လေ့လာကြသည်။

554

(သတင်းစဉ်)

585