ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အိန္ဒိယတပ်ဖွဲ့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

 

မွန်ဘိုင်း၊ မတ် ၁၀

ဂျပန်မြေပြင် ကိုယ်ပိုင်ကာကွယရေးတပ်ဖွဲ့နှင့် အိန္ဒိယတပ်ဖွဲ့ကြား အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျာ စသန်ပြည်နယ်ရှိ သဲကန္တာရတစ်ခုအတွင်း ရက်သတ္တနှစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ  မတ် ၉ ရက်တွင် အပြီးသတ်ခဲ့ကြောင်း နိုင်ငံတကာ  သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံတစ်နိုင်ငံစီမှ တပ်ဖွဲ့ ဝင် ၄၀ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်းနှင့် ယင်းမှာ ငါးကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း သိရသည်။ နောက်ဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုက အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့အကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းခိုင်မာကြောင်း ပြသရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ဖွယ်ရှိသည်။

အကြမ်းဖက် နှိမ်နင်းရေးတွင် စွမ်းဆောင်ရည်မြင့်မားပြီး အတွေ့အကြုံရှိသော အိန္ဒိယတပ်ဖွဲ့ဝင် များသည် ပုန်းခိုအောင်းနေသည့် အကြမ်းဖက်အဖွဲ့တစ်ခုကို နှိမ်နင်းရန်နှင့် အဆောက်အအုံတစ်လုံး အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် လေ့ကျင့်မှုတွင် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ