ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုနို တရုတ်နိုင်ငံသို့ သွားရောက်မည်

၁၈ ဒီဇင်ဘာ

 

ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနို သည် ဗုဒ္ဓဟူးနေ့မှစတင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နှစ်ရက်ကြာသွားရောက်မည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပွင့်လင်းမြင်သာမှု ရှိရေးအတွက် တောင်းဆိုမည်ဟု မျှော်လင့်ရသည်။

 

ကိုနိုသည် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသို့သွားရောက်သည့် ပထမဆုံးသော ဂျပန်ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု ဖော်ပြထားသည်။

 

ကိုနိုသည် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေ ဖန်ဂီ နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

 

ကိုနိုသည် တရုတ်နိုင်ငံ၏ကာကွယ်ရေး အသုံးစရိတ်ကြီးထွားလာမှု၊ တိုက်လေယာဉ်များ နှင့် လေယာဉ်တင်သင်္ဘောအသစ်များ တပ်ဆင်ခြင်းတို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ရှင်းပြရန်လုံလောက်မှု မရှိသေးသည့် အကြောင်းအရာများကို အသိပေးပြောကြားရန် စီစဉ်ထားသည်။

 

ကိုနိုသည် ပေကျင်းရှိ တရုတ်စစ်တပ်ကို ကြည့်ရှုစစ်ဆေးရန်လည်း အစီအစဉ် ရေးဆွဲထားသည်။

 

ကိုနို၏ တရုတ်နိုင်ငံ သို့သွားရောက်သည့် ခရီးစဉ်သည် နှစ်ဖက်အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန် အပြန်အလှန်ဖလှယ်မှုများ နှင့် ဆွေးနွေးပွဲများ တိုးမြှင့်လုပ်ဆောင်မည်ဟု တာဝန်ရှိသူများက မျှော်လင့်ထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို