ဂျပန်အနောက်တောင်ပိုင်း၌ မိုးသည်းထန်မှုကြောင့် ဒေသခံ ၈ သိန်းခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားထား

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြေပြိုမှုများကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကူဂိုရှီးမားစီရင်စုရှိ မြို့ပေါင်း သုံးမြို့မှ လူပေါင်း ၈၀ဝ၀ဝ၀ ကို ရွေ့ပြောင်းကြရန် ဗုဒ္ဓဟူးနေ့က ညွှန်ကြားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ရန် လိုအပ်ဖွယ်ရှိကြောင်း ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီက ပြောကြားသည်။

မိုးရွာသွန်းမှုမှာ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် ပြင်းထန်လာမည်ဟု မျှော်လင့်ကြောင်း သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုမှာ မြင့်တက်လာလျက်ရှိကြောင်း မိုးလေဝသ ခန့်မှန်းသူ Ryuta Kuroraက သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားသည်။

 

mdn

 

ယခုဖြစ်ပွားလျက်ရှိသော နေရာများတွင် မိုးများဆက်လက်ရွာသွန်းနေလျှင် အေဂျင်စီအနေဖြင့် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ဖွယ်ရှိကြောင်း  ကိုရိုအာက ပြောကြားသည်။ မြေနိမ့်ပိုင်းတွင် နေထိုင်သူများအဖို့ ရေကြီး၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် သတိထားနေထိုင်ကြရန် လူအများကို ၎င်းက တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ 

၎င်းတို့၏ ဘဝများကို ကာကွယ်စောင့်ရှောက်ရန် အသိပညာနှင့်အတူ ဆောင်ရွက်နေထိုင်ကြရန် ကူရိုရာက ဒေသခံများကို တိုက်တွန်းခဲ့သည်။

အရေးပေါ် သတိပေးချက်များကို စောင့်ဆိုင်းခြင်းမရှိပဲ မိုးများ ပြင်းထန်စွာရွာသော နေရာများမှာ ရွေ့ပြောင်းသင့်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn