ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP)က ကူညီထောက်ပံ့သည့် အုံးဝါးတံတား ဖွင့်ပွဲကျင်းပ

စေတုတ္တရာ ၁၁ မေ    

 

ဂျပန်အစိုးရနှင့် ပြည်သူတို့၏ အသေးစားစီမံကိန်း ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)က ကူညီထောက်ပံ့မူဖြင့် တည်ဆောက်ထားသော အုံးဝါးတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့  နံနက်(၈) နာရီအချိန်က စေတုတ္တရာမြို့နယ် အုံးဝါးကျေရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အုံးဝါးတံတားကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နွယ်ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP)မှ ဥက္ကဋ္ဌ Mr.NAKAO TADHIKO တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

 

ထို့နောက် အုံးဝါးတံတားဖွင့်ပွဲအထိမ်းအမှတ် ကဗ္ဗည်းကျောက်စာတိုင်အား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နွယ်ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဂျပန်အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)မှ ဥက္ကဋ္ဌ Mr.NAKAO TADHIKO တို့က အမွှေးနံ့သာ အောင်သပြေ ပန်းခက်များဖြင့် မင်္ဂလာရေစင်ဖျန်းပက်ပေးခဲ့ကြပြီး တံတားပေါ်သို့ ကြွရောက်လာကြသော တာဝန်ရှိသူလူကြီးမင်းများနှင့် ဒေသခံပြည်သူဧည့်ပရိသတ်တို့က စီတန်း၍ ဖြတ်သန်းလျှောက်လှမ်းခဲ့ကြသည်။

 

အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နွယ်ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဦးတို့က အမှာစကားများ ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)မှ ဥက္ကဋ္ဌ Mr.NAKAO TADHIKOက တံတားဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်နွယ်ဦးထံ အုံးဝါးတံတားအား လွှဲပြောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူများကိုယ်စား ဒေသခံ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးအောင်ဇော်ထွန်းမှ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)မှ ဥက္ကဋ္ဌ Mr.NAKAO TADHIKOအား ချင်းရိုးရာစောင်များ လက်ဆောင်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)

 

03.j