ဂန့်ဂေါမြို့နယ်တွင် မြစိမ်းရောင် အတိုးရငွေဖြင့် ပညာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်

ဂန့်ဂေါ ၁၁ ဇူလိုင်


ဂန့်ဂေါမြို့နယ် ဘော်ပြင်းရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာ ရွာဝင်လမ်း ကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းနှင့် ပညာရေးဌာန ဝန်ထမ်းများနေအိမ်ဆောက်လုပ်ခြင်း ကို ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 


ဘော်ပြင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့၍ တတိယနှစ်စက်ဝန်းကျော်လွန်ချိန်အထိ စီမံကိန်းအတိုးရငွေ ၁၁၉၅၀၂၀ဝ ကျပ်ရရှိကြောင်း၊ အဆိုပါ အတိုးရငွေမှ ကျပ်သိန်း ၅၀ ဖြင့် ရွာဝင်လမ်း အလျား ၁၆၇၅ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၃ လက်မရှိ ကျောက်စရစ်လမ်းခင်းသည့်အပြင် ပညာရေးဌာနဝန်ထမ်းများ နေအိမ် ဆောက်လုပ်ခြင်းအတွက် ကျေးရွာနေ ပြည်သူများက ငွေကျပ် ၂၅ သိန်းထည့်ဝင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်း ပြောပြချက်အရ သိရသည်။ 


ကျေးရွာအဝင်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းမှာ ပြီးစီးနေပြီဖြစ်ကာ ရွာဝင်လမ်းနှင့် ပညာရေးဝန်ထမ်းအိမ်ရာကို ဇူလိုင် ၁၀ ရက်တွင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ ခရိုင်ပညာရေးမှူး ဦးစိန်အောင်၊ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်ဇေယျ တို့ တက်ရောက်ကြကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN