ဂန့်ဂေါမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဂန့်ဂေါ   ဩဂုတ် ၁၃

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း အင်အား(၁၀၀)ကျော်ဖြင့် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝန်း အတွင်း/အပြင်တို့တွင် ခြုံနွယ်များ ရှင်းလင်းခြင်းတို့ကို့ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

 

ဂန့်ဂေါမြို့နယ်အတွင်း သန့်ရှင်းသာယာစေရန်ရည်ရွယ်ပြီး အပတ်စဉ် စနေ့နေ့တိုင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းထံမှ သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)