ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျပ်သိန်း ၁၀ဝ အောက်လုပ်ငန်းများ ဆောင်ရွက်

ဂန့်ဂေါ  ၁၅  မတ် 

 

ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် သိန်း ၁၀ဝ အောက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် ငွေကျပ် ၂၅ သိန်းဖြင့် စည်ပင်သာယာရပ်ကွက် ဈေးပတ်လမ်း ၂၀ ပေ၊ ၉ ပေ၊ ၅ ပေရှိ ကွန်ကရိတံတား ကိုလည်းကောင်း၊ သဇင်လမ်းတွင် ငွေကျပ် ၁၅ သိန်းစီဖြင့် ၂၀ ပေ၊ ၆ ပေ၊ ၂ ပေ ၆ လက္မရှိ ကွန်ကရိ တံတား ၂ စင်းကိုလည်းကောင်း၊ ငွေကျပ်သိန်း ၂၀ ဖြင့် ကျောတိုက်ရပ်ကွက် နတ်စင်လမ်း တွင် ၁၀ဝ ပေ၊ ၁၂ ပေ၊ ၆ လက်မ ရှိ လမ်းကွန်ကရိခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်လျက်ရှိရာ မြိုနယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဌနှင့်အဖွဲ့က ယနေ့နံနက်တွင် ကွင်းဆင်းစစ်ဆေးကြသည်။ 

 

ထို့ပြင် ကျပ်သိန်း ၁၀ဝ အထက် လုပ်ငန်းများဆောင်ရွက်နိုင်ရေး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းသုံးပစ္စည်းများအားလုံးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်သွင်းကြရန် နှိုးဆော်ထားကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။ 

 

MDN

 

GGW S