ဂမ်ဘီယာ သမ္မတ ဘာရိုး နုတ်ထွက်ပေးရန် ထောင်ချီပြီး ဆန္ဒပြနေ

၁၈ ဒီဇင်ဘာ

 

ဂမ်ဘီယာနိုင်ငံမြို့တော် ဘန်ဂျူးမှာ သမ္မတ အာဒမာ ဘာရိုး နုတ်ထွက်ပေးရန် ထောင်ချီတဲ့ လူတွေက ဆန္ဒပြနေပါတယ်။

 

သမ္မတ ဘာရိုးဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ အကြီးဆုံးပါတီ UDP (United Democratic Party) ပါတီဝင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတဟောင်း ရာရာ ဂျမေးကို လက်ရှိသမ္မတ ဘာရိုးက ဆန္ဒမဲ ၄၅ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရစဉ်မှာ ဘာရိုးဟာ နိုင်ငံကို သုံးနှစ်ပဲအုပ်ချုပ်မယ်။ နိုင်ငံ့ရဲ့ စီးပွားရေးကို ပြန်လည် သက်ဝင်လာအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

 

mdn

 

၂၀၁၉ မတ်လမှာတော့ ဘာရိုးက ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပေးမှာဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီး အနိုင်ရသူကို အာဏာလွှဲပြောင်းပေးမယ်လို့ နိုင်ငံတွင်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဘာရိုးရဲ့ ညွှန့်ပေါင်းအဖွဲ့ကလည်း စက်တင်ဘာလကုန်ပိုင်းမှာ ဘာရိုးကို ငါးနှစ်အုပ်ချုပ်ခွင့်ကို သဘောတူလိုက်ကြောင်း သိရပါတယ်။

 

ဒါပေမယ့် ဂမ်ဘီယာမှာ အကြီးဆုံးပါတီဖြစ်တဲ့ UDP အပါအဝင် ပါတီနှစ်ခုက ဘာရိုးရဲ့ ပြောဆိုလုပ်ကိုင်မှုကို လက်မခံခဲ့တာကို တွေ့ရပါတယ်။

 

mdn

 

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘာရိုးကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက ဘာရိုး ကျမ်းသစ္စာကျိန်ဆိုတဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ သုံးနှစ်ပြည့်တဲ့နေ့မှာ နုတ်ထွက်ပေးဖို့ ပြောဆိုထားပါတယ်။

 

ဂမ်ဘီယာနိုင်ငံဟာ အာဖရိကတိုက်ရဲ့ အသေးငယ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ တခြား အိမ်နီးချင်း အနောက်အာဖရိကနိုင်ငံတွေနဲ့ မတူဘဲ လွတ်လပ်ရေးရရှိပြီးကတည်းက တည်ငြိမ်တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ သမ္မတဟောင်း ရာရာ ဂျမေးဟာ ၁၉၉၄ ခုနှစ်မှာ သွေးထွက်သံယို မရှိဘဲ အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့ရာ ၂၂ နှစ်အကြာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

 

mdn

 

ဂမ်ဘီယာနိုင်ငံရဲ့ လူဦးရေဟာ ၁ ဒသမ ၉ သန်းရှိပြီး အကျယ်အဝန်းအားဖြင့် ၄,၃၆၁ စတုရန်းမိုင်သာ ရှိပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်စာဖြစ်ပြီး မန်ဒင်ကာ၊ ဝူးလို့ နဲ့ ဖူလာ ဘာသာစကားတွေလည်း သုံးစွဲတာကို တွေ့ရပါတယ်။ နိုင်ငံတွင်းမှာ အစ္စလမ်နဲ့ ခရစ်ယန်ဘာသာဝင်တွေသာ နေထိုင်ပြီး လူတစ်ဦးရဲ့ ပျှမ်းမျှ သက်တမ်းဟာ ၅၈ နှစ်(အမျိုးသား)၊ ၆၀နှစ် (အမျိုးသမီး) ဖြစ်ပါတယ်။ နိုင်ငံရဲ့ ငွေကြေးမှာ ဒါလာစီ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP