ဂါဇာဒေသ၌ အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၄၈၄၄ ဦး ရှိလာ

မေ ၉

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၄၈၄၄ ဦး ရှိလာကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ပါလက်စတိုင်း ၅၅ ဦး သေဆုံးပြီး အခြား ၂၀၀ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားမှုကြောင့် ပါလက်စတိုင်းသေဆုံးသူပေါင်း ၃၄၈၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၈၄၀၄ ဦး ရှိလာကြောင်း သိရသည်။ အဆောက်အဦးအကျိုးအပဲ့များအောက်တွင် ထိခိုက်ဒဏ်ရာရသူအချို့ပိတ်မိနေဆဲဖြစ်သည်။ ရာဖာမြို့တောင်ဘက်စွန်းတွင် အစ္စရေးတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ညတွင်းချင်း ပါလက်စတိုင်း ၃၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို