ဂျော်ဂျီယာ ၏ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် ဆာလုံ ဇူရာဘစ်ဗီလီ ကျမ်းသစ္စာကျိန်ဆို

ဂျော်ဂျီယာ ၏ ပဉ္စမမြောက် သမ္မတဖြစ်ပြီး နိုင်ငံ၏ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်သော ဆာလုံဇူရာဘစ်ဗီလီသည် ယမန်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ဟု သိရသည်။

တီလာဗီ မြို့တော်အနောက်ပိုင်းရှိ သမ္မတအဆောင်အယောင် အပ်နှင်းပွဲ အခမ်းအနားတွင် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဂျော်ဂျီယာ နိုင်ငံသားများအားလုံး၏ လွတ်လပ်ခွင့်များနှင့် အခွင့်အရေးများကို ကာကွယ်ပေးရေးနှင့် နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူကြောင်း ဆာလုံဇူရာ ဘစ်ဗီလီ က ကတိပြုပြောကြားခဲ့သည်။

ဆာလုံ ဇူရာဘစ်ဗီလီ  က ယနေ့ ဂျော်ဂျီယာ၏ ပဉ္စမမြောက် သမ္မတအဖြစ် အဟန့်အတားမရှိ ငြိမ်းချမ်းစွာ သမ္မတ အာဏာလွှဲပြောင်းပေးသည့် အတွက် ဂုဏ်ယူပါကြောင်းနှင့် နောက်ထပ် ရှေ့ဆက်မည့် ဒီမိုကရေစီ ခြေလှမ်းဖြစ်ပါကြောင်း ဆိုသည်။

၎င်း၏ ရည်ရွယ်ချက်သည်  နိုင်ငံဖွံဖြိုးတိုးတက်ရေးအကောင်းဆုံးလုပ်ဆောင်သွားရန် ၊ နောက်ကြောင်းပြန်မလှည့်ရန်နှင့် လုပ်ငန်းစဉ်ရှိ မည်သည့် အတားအဆီးမဆို ကာကွယ်ရန် ဖြစ်ကြောင်းကို ဥရောပအတွင်း ထဲထဲဝင်ဝင်ဦးစားပေး လုပ်ဆောင်သွားရန် ကတိပြုခဲ့သည့် ဆာလုံ ဇူရာဘစ်ဗီလီ  ကပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကိုယ်စားလှယ် ၁၅၀ ဦးအပါအဝင် လူပေါင်း ၁၈၀၀ တက်ရောက်ခဲ့ကြကြောင်းနှင့် ဆာလုံဇူရာဘစ်ဗီလီ  ကို ၁၉၅၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ဂျော်ဂျီယာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို