ဂျာမနီအသင်းဟာ ဇွန် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်မှာ အိုင်ဗရီကို့စ် အသင်းကိုအနိုင်ရပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့်ကို တက်လှမ်းခွင့်ရခဲ့တဲ့ တတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။
ဂျာမနီအသင်းနဲ့ အိုင်ဗရီကို့စ်အသင်းတို့ပွဲစဉ်မှာ ဂျာမနီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီလိုအနိုင်ရရှိခဲ့တာကြောင့် ဂျာမနီအသင်းက အုပ်စုအဆင့် နှစ်ပွဲကစားပြီးချိန်မှာ ရမှတ်ခြောက်မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ကာ ကမ္ဘာ့ဖလား (၃၂)သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဂျာမနီအသင်း ကမ္ဘာ့ဖလား (၃၂)သင်းအဆင့် မတက်ရောက်မီ ပူးတွဲအိမ်ရှင်အသင်းတွေထဲက မက္ကဆီကိုအသင်းနဲ့ အမေရိကန်အသင်းတို့ဟာ (၃၂)သင်းအဆင့် တက်လှမ်းထားပြီးဖြစ်တာကြောင့် ဂျာမနီအသင်းက တတိယမြောက်အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဇွန် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသောအုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ နယ်သာလန်အသင်းက ဆွီဒင်အသင်းကို ငါးဂိုး - တစ်ဂိုး၊ ဂျပန်အသင်းက တူနီးရှားအသင်းကို လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အီကွေဒေါအသင်းနဲ့ ကူရာကောင်အသင်းတို့ပွဲစဉ်မှာတော့ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


