(G) I-DLE ရဲ့   ပထမဆုံးတေးသီချင်း ကြည့်ရှုသူ  သန်း ၁၀ဝ ပြည့်ခဲ့ပြီဖြစ်

၄ ဇန်နဝါရီ

 

တောင်ကိုရီးယားရဲ့ တက်သစ်စအမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “(G) I-DLE” ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “LATATA” ဟာ လတ်တလောမှာတော့ ကြည့်ရှုသူ သန်း၁၀ဝ ပြည့်ခဲ့ပြီဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီခန့်က အဆိုပါ တေးသီချင်းကို ကြည့်ရှုသူသန်း ၁၀ဝ ပြည့်ခဲ့တာပါ။ သီချင်းစတင်ထုတ်လွှင့်ခဲ့ပြီးနောက် ကိုးလအကြာမှာ ယခုလို မှတ်တိုင်စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“LATATA” ဟာ အဖွဲ့ရဲ့ ပထမဆုံးထုတ်လွှင့်ခဲ့တဲ့  ပွဲဦးထွက်သီချင်းလည်း ဖြစ်ပါတယ်။ ယခုအောင်မြင်မှုဟာ လည်း “(G) I-DLE” အတွက်တော့ ပထမဆုံးသော အောင်မြင်မှုလည်းဖြစ်တယ်လို့ သိရပါတယ်။

 

ကြေးမုံ